ကိုယ်စား ထုတ်ယူလိုသူများသည် အမှန်တကယ် ကိုယ်တိုင် သွားရောက် ထုတ်ယူရန် အဆင်မပြေသူများသာ ဖြစ်ရပါမည် ခင်ဗျာ။ ကိုယ်တိုင်ထုတ်ရန် အဆင်ပြေသူများသည် မိမိကိုယ်တိုင်သွားရောက် ထုတ်ယူပါ ခင်ဗျာ။
ကိုယ်စားထုတ်ယူမည့်သူများ အထူးသတိပြု သိရှိရမည်မှာ ကျွန်တော်တို့သည် ဝန်ဆောင်မှု ပေးသည်ဖြစ်ပါသောကြောင့် ကိုယ်စားဝန်ဆောင်မှုအတွက် သတ်မှတ်ထားသော ဝန်ဆောင်ခ ကျသင့်မည် ဖြစ်သည်။ ထို့အတွက်ကြောင့် မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ကိုယ်စားထုတ်ယူသည့် ဝန်ဆောင်မှုကို အသုံးပြုပြီး ကိုယ်စားထုတ်ယူပါ ခင်ဗျာ။
ကိုယ်စား ထုတ်ယူသည့် Certificate များကို ဝန်ဆောင်မှုယူပြီး နောက် ၃ရက်ခန့်အကြာ တွင်သာ စတင်ပေးပို့ပါမည် ခင်ဗျာ။ အဆိုပါ ရက်တွင်မှ လက်ခံရယူနိုင်သူများသည် ဝန်ဆောင်မှုရယူနိုင်ပြီး အဆိုပါရက်ထက် စောလျှင်စွာ ရယူလိုသူများသည် ကျွန်တော်တို့၏ ဝန်ဆောင်မှုကို ရွေးချယ်မှု မပြုပါနှင့် ခင်ဗျာ။ (သို့ရာတွင် အခါအားလျော်စွာ စောလျှင်စွာ ပေးပို့ရန် အစီအစဉ်ရှိလာပါကလည်း စောလျှင်စွာ ပေးပို့ပါမည် ခင်ဗျာ)
ပေးပို့သည့် အခါတွင် Royal Express ဖြင့်သာပေးပို့မည် ဖြစ်ပြီး အခြားမည်သည့် အမြန်ချော၊ ကားဂိတ်၊ စာတိုက်များနှင့် မပေးပို့ပါ ခင်ဗျာ။ Deli ခကို မိမိတို့ လက်ခံရယူသူဖက်မှ ရှင်းပေးရပါမည် ခင်ဗျာ။
ဝန်ဆောင်ခများကို K Pay ဖြင့်သာ လက်ခံမည်မို့ K pay ထဲသို့ ငွေကြိုတင်ဖြည့်သွင်းထားနိုင်ပါတယ် ခင်ဗျာ။
ဝန်ဆောင်ခ = ၆၀၀၀ကျပ် (ခြောက်ထောင်ကျပ်)
ကိုယ်စား ထုတ်ယူလိုပါက လိုအပ်သည့် အချက်များ
၁) Test Voucherပုံ
၂) မှတ်ပုံတင် ရှေ့ပုံ
၃) မှတ်ပုံတင် နောက်ပုံ
၄) ခုံအမှတ်
၅) နေရပ်လိပ်စာ အတိအကျနှင့် အခြား ကိုယ်ရေးအချက်အလက် အနည်းငယ်
ကိုယ်စား ထုတ်ယူရန် အောက်ပါ Start ကိုနှိပ်ရန်>>>>>>>
သတိပြုရန်
Link သို့ ဝင်ရာတွင် အခက်အခဲရှိပါက VPN ချိတ်ဆက်ထားပါက ဖြုတ်ခြင်း၊ Wifi ဖြင့်မရပါက Mobile Data ဖြင့် အသုံးပြုခြင်းများဖြင့် ပြုလုပ် ဝင်ရောက်ပေးပါ ခင်ဗျာ။

