J.Test Form ကိုယ်စားတင်ပေးခြင်း ဝန်ဆောင်မှု အသုံးပြုလိုသူများသည် အောက်တွင် စာမေးပွဲ အကြောင်း အသေးစိတ်၊ Level အလိုက် အမှတ်ပေးခြင်းနှင့် အောင်မှတ်များ ၊ ကိုယ်စား Form တင်ရန် လိုအပ်ချက်များကို သေချာစွာ ရှင်းပြထားပါသည် ခင်ဗျာ။
14.5.2023 ရက်နေ့ ရန်ကုန်တွင် ကျင်းပပြုလုပ်မည့် J.Test စာမေးပွဲ အတွက် Form ကိုယ်စားတင်လိုပါက စတင်လက်ခံပေးနေပါပြီခင်ဗျာ......။
J.Test Form ကိုယ်စား တင်လိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များကို viber: 09-950 116 768 သို့တိကျသေချာစွာ ပေးပို့ရပါမည်ခင်ဗျာ....။
၁) ဖြေဆိုမည့် စာစစ် YGN
၂) ဖြေဆိုမည့် Level (D-E / F-G)
၃) အမည် (အင်္ဂလိပ်လို)
၄) ဖုန်းနံပါတ် (Phone No)
၅) နေရပ်လိပ်စာ အတိအကျ
၆) လိုင်စင်ဓါတ်ပုံ (အောက်တွင် နမူနာပုံပါရှိသည်)
၇) မှတ်ပုံတင် ရှေ့ ၊ နောက် ပုံရိုတ်ပို့ရန်
"သတိပြုရန်"
ကြည်လင်ပြတ်သားခြင်း မရှိသော ပုံများကို လက်ခံမည် မဟုတ်ပါ..။
Soft copy လုပ်ထားသော ပုံပေးပို့နိုင်သကဲ့သို့ မိမိတို့၏ အိမ် သို့မဟုတ် မိမိအဆင်ပြေရာနေရာတွင် နောက်ခံအရောင် တစ်ခုခုအားထားရှိပြီး မိမိ၏ ခန္ဓာကိုယ် အပေါ်ပိုင်းအား ဖုန်းဖြင့်ကြည် လင်ပြတ်သားစွာရိုတ်၍လည်း ပေးပို့နိုင်ပါသည်ခင်ဗျာ!
ပုံရိုတ်ရာတွင် အလင်းရောင် ကောင်းကောင်း ရသော နေရာတွင် ရိုတ်ရန်နှင့် ရှင်းလင်းသော မျက်နှာလေး သေချာပေါ်အောင် ရိုတ်ရန်
နမူနာပုံ......
အထက်ပါ J.Test Form တင်ရန် အချက် အလက် များကို Viber No: 09 950 116 768 သို့ ပေးပို့ရပါမည်ခင်ဗျာ......
ငွေပေးသွင်းရမည့် K pay Acc အား Form လက်ခံပါက viber တွင်ဖော်ပြပေးပါမည်ခင်ဗျ...။
💢 စာမေးပွဲကြေးနှင့် ဝန်ဆောင်ခများ
စာမေးပွဲကြေး = 40,000 ကျပ် (လေးသောင်းကျပ်)
ဝန်ဆောင်ခ = 10,000 ကျပ် (တစ်သောင်းကျပ်)
စုစုပေါင်း = 50,000 ကျပ်
ဝန်ဆောင်ခ 10,000ကျပ်သည် J.Test Form ကိုယ်စားတင်ပေးခြင်းနှင့် စာမေးပွဲ Results ထွက်ရာတွင် အောင်သည့် သူများအတွက် အောင်လက်မှတ်နှင့် အမှတ်စာရင်းများ ထုတ်ယူပေးပြီး မိမိတို့ လိပ်စာများအတိုင်းပေးပို့ခြင်းနှင့် ကျရှုံးသည့် သူများအတွက် အမှတ်စာရင်းများ ထုတ်ယူပေးပြီး viber တွင် ပုံရိုတ်ပေးပို့ခြင်းများ ပါဝင်ပါသည် ခင်ဗျာ။
(ဆိုလိုသည်မှာ Form တင်ခြင်းနှင့် အောင်လက်မှတ် ထုတ်ပေးခြင်းအတွက် စုစုပေါင်းဝန်ဆောင်ခ 10,000ကျပ်သာ ကုန်ကျမည် ဖြစ်သည်။)
🌐🌐🌐🌐🌐🌐🌐
Level သတ်မှတ်ချက်နှင့် အောင်မှတ်များ
===========================
J.Test တွင် အောက်ပါ level များဖြင့် သတ်မှတ်ထားပြီး မိမိအတွက် အောက်ပါ အတိုင်းရွေးချယ် နိုင်ပါသည်။
၁) A-C Level
၂) D-E Level
၃) F-G Level
A-C Level သည် N1 / N2 Level နှင့် ညီမျှပြီး N1 / N2 Level ဖြေဆိုရန် အဆင်သင့်ဖြစ်သူများသည် A-C Level ကို ဖြေဆိုရမည် ဖြစ်သည်။
A-C Level တွင် စုစုပေါင်း အမှတ် (1,000)ဖိုး ဖြေဆိုရမည်ဖြစ်ပြီး အမှတ် ၆၀၀ ရမှသာလျှင် အောင်မည် ဖြစ်သည်။ 599မှတ် ရပါကလည်း ကျပါမည်။
အမှတ် ၆၀၀ကျော်ပါက N2 Level နှင့်ညီမျှသော "C" certificate ရရှိမည်ဖြစ်ပြီး၊ အမှတ် ၇၀၀ကျော်ပါက Pre N1 Level နှင့်ညီမျှသော "B" certificate ရရှိမည်ဖြစ်သည်။ အမှတ် ၈၀၀ကျော်ပါက Advanced N1 Level နှင့်ညီမျှသော "A" certificate ကိုရရှိမည်ဖြစ်သည်။
D-E Level သည် N3 / N4 Level နှင့် ညီမျှပြီး N3 / N4 Level ဖြေဆိုရန် အဆင်သင့်ဖြစ်သူများသည် D-E Level ကို ဖြေဆိုရမည် ဖြစ်သည်။
D-E Level တွင် စုစုပေါင်း အမှတ် (700)ဖိုး ဖြေဆိုရမည်ဖြစ်ပြီး အမှတ် ၃၅၀ ရမှသာလျှင် အောင်မည် ဖြစ်သည်။ 349မှတ် ရပါကလည်း ကျပါမည်။
အမှတ် ၃၅၀ကျော်ပါက N4 Level နှင့်ညီမျှသော "E" certificate ရရှိမည်ဖြစ်ပြီး၊ အမှတ် ၅၀၀ကျော်ပါက N3 Level နှင့်ညီမျှသော "D" certificate ရရှိမည်ဖြစ်သည်။
F-G Level သည် N5 Level နှင့် ညီမျှပြီး N5 Level ဖြေဆိုရန် အဆင်သင့်ဖြစ်သူများသည် F-G Level ကို ဖြေဆိုရမည် ဖြစ်သည်။
F-G Level တွင် စုစုပေါင်း အမှတ် (350)ဖိုး ဖြေဆိုရမည်ဖြစ်ပြီး အမှတ် ၁၈၀ ရမှသာလျှင် အောင်မည် ဖြစ်သည်။ 179မှတ် ရပါကလည်း ကျပါမည်။
အမှတ် ၁၈၀ ကျော်ပါက Basic N5 Level နှင့်ညီမျှသော "G" certificate ရရှိမည်ဖြစ်ပြီး၊ အမှတ် ၂၅၀ ကျော်ပါက N5 Level နှင့်ညီမျှသော "F" certificate ရရှိမည်ဖြစ်သည်။
Level အလိုက် မေးခွန်းပုံစံများ
====================
Level 3ခုလုံးတွင် အပိုင်း 8ပိုင်းဖြေဆိုရမည်ဖြစ်ပြီး 8ပိုင်းလုံး အမှတ်ရရှိရန် လိုအပ်သည်။ အပိုင်း 7ပိုင်းအားဖြေဆိုနိုင်ပြီး ကျန်တစ်ပိုင်းတွင် 0မှတ် ရရှိပါက ကျပါမည်။ အကယ်၍ အပိုင်း 7ပိုင်းအားဖြေဆိုနိုင်ပြီး ကျန်တစ်ပိုင်းတွင် 2 မှတ် or 3မှတ် ရရှိပါက အပိုင်းအားလုံး၏ စုစုပေါင်း အမှတ်သည် အောင်မှတ်ဖြစ်ပါက အောင်မြင်မည် ဖြစ်သည်။
အမှတ်ပေးပုံစံများ ဖြေဆိုရမည့် အချိန်များကို သိရှိလိုပါက.......
"ဖတ်မည်"
စာမေးပွဲ အကြောင်း အသေးစိတ်
=====================
ဂျပန် အစိုးရ လူဝင်မှူကြီးကြပ်ရေးမှ အသိအမှတ်ပြုထားပြီး ဖြစ်သောကြောင့် Training Visa ၊ Student Visa ၊ Work Visa များအတွက် လုံးဝ သေချာစွာ အသုံးပြုနိုင်ပါသည်။
စာမေးပွဲ အား နှစ်လ တစ်ကြိမ် ကျင်းပပေးပြီး ၊
စာမေးပွဲဖြေဆိုပြီး (၃)ရက်အကြာတွင် အဖြေမှန်များ ထွက်ရှိမည်ဖြစ်ပြီး၊
(၃)ပတ်အကြာတွင် အောင်စာရင်းများ ထွက်ရှိမည်ဖြစ်ပါသည်။
အောင်စာရင်းထွက်ပြီး (၁)ပတ်အကြာတွင်အောင်လက်မှတ်များ ရောက်ရှိမည်ဖြစ်ပါသည်။
ဂျပန်စာကိုလေ့လာသင်ကြားနေသော (non-native speaker) များအတွက် ရည်ရွယ်ပြီး ဂျပန်နိုင်ငံ Immigration မှ အသိအမှတ်ပြုထားသော J-TEST ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲကို ၁၉၉၁ခုနှစ်မှ စတင်ပြီး နိုင်ငံပေါင်း(၁၃)နိုင်ငံတွင် ကျင်းပလျှက်ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် နိုဝင်ဘာလမှ စတင်၍ တစ်နှစ်လျှင်(၆)ကြိမ် ( ဇန်နဝါရီလ၊ မတ်လ၊ မေလ၊ဇူလိုင်လ၊ စက်တင်ဘာလ နှင့် နိုဝင်ဘာလ)များတွင် ကျင်းပပေးလျှက်ရှိပါသည်။
(၁) ဂျပန်စာကိုလေ့လာသင်ယူပြီး၊ဂျပန်ကုမ္ပဏီများတွင် အလုပ်ဝင်ရန်ရည်ရွယ်ထားသူများ
(၂) ဂျပန်နိုင်ငံသို့ပညာသင်သွားရောက်မည့်သူများ
(၃) ဂျပန်ဘာသာကိုသင်ယူ၍ ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအတွက် ဖြေဆိုသင့်လျော်သော ကုမ္ပဏီ ၊ ကျောင်းနှင့် အဖွဲ့အစည်းပေါင်း (၄၀၀)ကျော်တွင် အသုံးပြုနေသော စာမေးပွဲ ဖြစ်ပါသည်။