2လပိုင်း Nat-Test စာမေးပွဲအတွက် Form ကိုယ်စားလက်ခံခြင်း

NAT-TEST Form ကိုယ်စားတင်ပေးခြင်း ဝန်ဆောင်မှု အသုံးပြုလိုသူများသည် အောက်ပါ အချက်အလက်များကို သေချာ စေ့စပ်စွာ ဖတ်ရှုပေးရန် လိုအပ်ပါသည် ခင်ဗျာ။

2023ခုနှစ် 2လပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပပြုလုပ်မည့် Nat-Test စာမေးပွဲ အတွက် Form ကိုယ်စားတင်လိုပါက စတင်လက်ခံပေးနေပါပြီခင်ဗျာ......။

Nat-Test Form ကိုယ်စား တင်ခိုင်းလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များကို viber: 09-950116768 သို့တိကျသေချာစွာ ပေးပို့ရပါမည်ခင်ဗျာ....။

၁) ဖြေဆိုမည့် စာစစ် YGN (or) MDY

၂) ဖြေဆိုမည့် Level (N1 N2 N3 N4 N5)

၃) အမည် (အင်္ဂလိပ်လို)

၄) ဖုန်းနံပါတ် (Phone No)

၅) Email (or) Gmail

၆) နေရပ်လိပ်စာ အတိအကျ

၇) လိုင်စင်ဓါတ်ပုံ (အောက်တွင် နမူနာပုံပါရှိသည်)

၈) မှတ်ပုံတင် ရှေ့ ၊ နောက် ပုံရိုတ်ပို့ရန်

"သတိပြုရန်"

ကြည်လင်ပြတ်သားခြင်း မရှိသော ပုံများကို လက်ခံမည် မဟုတ်ပါ..။ 

Soft copy လုပ်ထားသော ပုံပေးပို့နိုင်သကဲ့သို့  မိမိတို့၏ အိမ် သို့မဟုတ် မိမိအဆင်ပြေရာနေရာတွင် နောက်ခံအရောင် တစ်ခုခုအားထားရှိပြီး မိမိ၏ ခန္ဓာကိုယ် အပေါ်ပိုင်းအား ဖုန်းဖြင့်ကြည် လင်ပြတ်သားစွာရိုတ်၍လည်း ပေးပို့နိုင်ပါသည်ခင်ဗျာ!

ပုံရိုတ်ရာတွင် အလင်းရောင် ကောင်းကောင်း ရသော နေရာတွင် ရိုတ်ရန်နှင့် ရှင်းလင်းသော မျက်နှာလေး သေချာပေါ်အောင် ရိုတ်ရန်

နမူနာပုံ......


အထက်ပါ Nat-Test Form တင်ရန် အချက် အလက် များကို Viber No: 09 950 116 768 သို့ ပေးပို့ရပါမည်ခင်ဗျာ......

ငွေပေးသွင်းရမည့် K pay Acc အား Form လက်ခံပါက viber တွင်ဖော်ပြပေးပါမည်ခင်ဗျ...။

💢 စာမေးပွဲကြေးနှင့် ဝန်ဆောင်ခများ

🏡 Yangon Nat-Test အတွက်
      @ စာမေးပွဲကြေး 72,000 ကျပ်
      @ ဝန်ဆောင်ခ 10,000ကျပ်
      @ စုစုပေါင်း 82,000ကျပ်

YGN စာစစ်အတွက် Test Voucher ယူရန် မလိုပါဗျ။ စာဖြေရန်လာပါက မှတ်ပုံတင်မူရင်းသာ ယူဆောင်လာရပါမည်။)

🏡 Mandalay Nat-Test အတွက်
       @ စာမေးပွဲကြေး 42,000 ကျပ်
       @ ဝန်ဆောင်ခ 10,000 ကျပ်
       @ စုစုပေါင်း 52,000ကျပ်

(စာမေးပွဲကြေး 42,000ကျပ်ထက် ကျော်လွန်ပါက ထပ်မံတောင်းခံမည်ဖြစ်သည်။ စာမေးပွဲကြေး တက်ရန် အလားအလာရှိသည်။ MDY စာစစ်အတွက် Test Voucher ယူရန် လိုအပ်ပြီး စာဖြေရန်လာပါက မှတ်ပုံတင်မူရင်းနှင့် Test Voucher ယူလာရမည်ဖြစ်သောကြောင့် မိမိတို့၏ Test Voucher များကို မိမိတို့၏ အစီအစဉ် ဖြင့်သာ ထုတ်ယူရပါမည် ခင်ဗျာ။ (Toli Moli မှ MDY အတွက် Test Voucher များကို ထုတ်ယူပေးမည် မဟုတ်ပါ ခင်ဗျာ)။  MDY အတွက် Test Voucher ထုတ်ယူရမည့်ရက်ကို Toli Moli Page တွင် စာမဖြေမှီ တစ်ပတ်အလိုတွင် ကြိုတင်သတိပေး ကြေငြာပေးပါမည်ခင်ဗျာ...။


ကျွန်တော်တို့ဆီတွင် Form ကိုယ်စားတင်ထားသူများ၏ Form များသည် cancel ခံရခြင်း၊ လူပြည့်သွားသောကြောင့် အပယ်ခံရခြင်းများ လုံးဝ(လုံးဝ) မရှိစေပဲ အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးပါတယ်ဗျ။ ကျွန်တော်တို့ဆီမှာ Form တင်ဖူးသူတိုင်းသိပါတယ်ဗျ။


Post a Comment

Previous Post Next Post