JLPT အပြင် Form ကိုယ်စားတင်ပေးခြင်း

 

 "7လပိုင်း JLPT အတွက် အပြင် Formကိုယ်စား တင်ပေးခြင်း"

    JLPT Form ကိုယ်စားတင်မည့်သူများသည် အောက်ပါ အချက်အလက်များကို သေချာစွာ ဖတ်ရှု့ပေးပါ ခင်ဗျာ...။

 Toli Moli သည် JLPT Form ကိုယ်စားတင်ပေးခြင်းသည် အမှန်တကယ် ကိုယ်တိုင်တင်ရန် အဆင်မပြေ (အခက်အခဲ) ရှိသူများအတွက်သာလျှင် တင်ပေးခြင်းဖြစ်သည်။ ကိုယ်တိုင် တင်ရန် အဆင်ပြေပါက ကိုယ်တိုင်တင်ပေးကြပါ ခင်ဗျ။ Maja သည် ဖြေဆိုသူအားလုံးအတွက် အကန့်အသတ်မရှိ လက်ခံမှာဖြစ်ပါသောကြောင့် မိမိကိုယ်တိုင် တင်နိုင်သည့်သူများ မိမိဘာသာ တင်လို့ရပါတယ် ခင်ဗျာ။

JLPT Form ကိုယ်စားတင်မည့်သူများ

=>  ဖြေဆိုမည့် Level ၊ မိမိအမည်၊ ကြည်လင်ပြတ်သားမှု ရှိသော လိုင်စင်ဓါတ်ပုံ ၊ မှတ်ပုံတင် ရှေ့ နောက်ပုံ နှင့်အတူ အခြားသော အချက်အလက်များကို အောက်ပါ ကိုယ်စား လျှောက်ရန် Link မှတစ်ဆင့် လျှောက်ထားပေးရပါမည် ခင်ဗျ။ (လိုင်စင်ပုံ နမူနာကို ကြည့်ရန် အောက်တွင် ပါရှိသည်။ ပုံsize ကို အဆင်ပြေသလို ပေးပို့နိုင်ပါတယ် ခင်ဗျာ။ မင်မင်တို့ပြန်လည် အချိုးချ သတ်မှတ်ပေးပါမည်ခင်ဗျာ) ကြည်လင်ပြတ်သားသော ပုံများမဟုတ်ပါက လုံးဝ လုံးဝ လက်ခံမည် မဟုတ်ပါ ခင်ဗျာ။

ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှု ပုံစံ

=> ကိုယ်စားလျှောက်ထားသူများ၏ Form များကို  သေချာစွာ စီစစ် တင်ပေးမှာဖြစ်ပြီး Test Voucher များ ထွက်ရှိပါက လည်း Toli Moli မှထုတ်ယူပေးပြီး မိမိတို့၏ လိပ်စာများသို့ ပေးပို့သွားပါမည်ခင်ဗျာ...။

ဝန်ဆောင်ခများ

Level အားလုံးအတွက် 10,000ကျပ်

စာမေးပွဲကြေး + လျှောက်လွှာတင်ကြေး +ဝန်ဆောင်ခ (စုစုပေါင်း)

N1 = 55,000ကျပ် (အကုန်အပြီး အစီး)

N2 = 55,000ကျပ် (အကုန်အပြီး အစီး)

N3 = 55,000ကျပ် (အကုန်အပြီး အစီး)

N4 = 50,000ကျပ် (အကုန်အပြီး အစီး)

N5 = 50,000ကျပ် (အကုန်အပြီး အစီး)

        အထက်ဖော်ပြပါ ဈေးနှုန်းများထဲတွင် ဝန်ဆောင်ခပါ အပါအဝင်ဖြစ်ပြီး Test Voucher များထွက်ရှိပါကလည်း မိမိတို့၏ လိပ်စာများအတိုင်း Royal Express ဖြင့်ပေးပို့မည် ဖြစ်သည်။ သို့အတွက်ကြောင့် ကိုယ်စားလျှောက်ရန် Link တွင် လိပ်စာဖြည့်သွင်းရာတွင် အတိအကျ အသေအချာ ဖြည့်သွင်းရပါမည် ခင်ဗျာ။ 

       ငွေလက်ခံ ပေးမည့်ပုံစံ K pay ဖြင့်သာ လက်ခံပေးပါမည်ခင်ဗျာ။ ကိုယ်စား လျှောက်သည့် Link တွင်အချက်အလက်ပြည့်စုံစွာ ဖြင့် လျှောက်ထားသူများကို ငွေလွှဲရမည့် K pay Acc ကိုဖော်ပြပေးမှာ ဖြစ်ပြီး ငွေလွှဲ ပေးသည့် Screenshot များကို Viber သို့ ပေးပို့ရန် လမ်းညွှန်ပေးပါလိမ့်မည်ခင်ဗျာ။

(K pay မှလွဲပြီး wave money နှင့်အခြားသော ငွေလွှဲပေးခြင်းများ လုံးဝ လုံးဝ လက်ခံမည် မဟုတ်ပါ ခင်ဗျာ။)

လိုင်စင်ပုံ နမူနာ



သတိပြုရန်

        Link သို့ ဝင်ရာတွင် အခက်အခဲရှိပါက VPN ချိတ်ဆက်ထားပါက ဖြုတ်ခြင်း၊ Wifi ဖြင့်မရပါက Mobile Data ဖြင့် အသုံးပြုခြင်းများဖြင့် ပြုလုပ် ဝင်ရောက်ပေးပါ ခင်ဗျာ။


Yangon အတွက်
ကိုယ်စား လျှောက်ရန်  အောက်ပါ START ဆိုသည့် Icon ကိုနှိပ်ရန်



       ကိုယ်စား လျှောက်ထားရာတွင် အထက်ဖော်ပြပါ လိုင်စင်ပုံ ကြည်လင်ပြတ်သားမှုနှင့် မှတ်ပုံတင် ရှေ့နောက် တွဲထားသော ပုံများသည် အရေးတကြီး လိုအပ်ပါသောကြောင့် သတိပြု ပါ ခင်ဗျာ။

       အပြင် Form ကိုယ်စားတင်ထားသူများ၏ အမည် ၊ Level ၊ မွေးသက္ကရာဇ်နှင့် စာမေးပွဲ Result ကြည့်ရန် Password 8လုံးတို့ကို 17 March 2023 ရက်နေ့ ဝန်းကျင်တွင် ဖော်ပြပေးပါမည် ခင်ဗျာ။


12လပိုင်း ဖြေဆိုခဲ့သော JLPT အောင်လက်မှတ်များ ကိုယ်စားထုတ်လိုပါက အောက်ပါ *JLPT Certificate* ဆိုသည့် အနီရောင် ခလုပ်ကိုနှိပ်ရန်

                                 ***JLPT-CERTIFICATE***


Post a Comment

Previous Post Next Post